FAQ

မေးလေ့ရှိသော မေးခွန်းများ

Tokens ရောက်ဖို့ ဘယ်လောက်ကြာလဲ?

Wallet နဲ့ဝယ်ရင် ပုံမှန် ၁ – ၃ မိနစ်အတွင်း ရောက်ပါတယ်။ KBZ / Wave / AYA ငွေလွှဲနဲ့ဝယ်ရင် Admin က ပြေစာစစ်ပြီးမှ ပို့တာမို့ နည်းနည်းပိုကြာနိုင်ပါတယ်။ Honor of Kings server ဘက် ပြဿနာရှိရင် Auto ပြန်ကြိုးစားတာကြောင့် မိနစ် ၃၀ လောက်ထိ ကြာနိုင်ပါတယ်။

Honor of Kings Account Password ပေးရမလား?

လုံးဝ မပေးရပါ။ Honor of Kings ID (Player ID) ဂဏန်းပဲ လိုပါတယ်။ Password တောင်းတဲ့သူ ရှိရင် လိမ်လည်မှုဖြစ်လို့ မပေးပါနဲ့။

ဘယ် Server / Version တွေကို ဖြည့်ပေးလဲ?

Honor of Kings Global version အတွက်ပါ။ China version (王者荣耀 / Wangzhe Rongyao) အကောင့်တွေကို မဖြည့်ပေးနိုင်ပါ။ မသေချာရင် ID စစ်မည် နှိပ်ကြည့်ပါ — နာမည်ပေါ်ရင် ဖြည့်လို့ရပါတယ်။

ID မှားပြီး ပို့မိရင် ဘာလုပ်ရမလဲ?

Tokens ပို့ပြီးသွားရင် ပြန်ယူလို့ မရပါ။ ဒါကြောင့် Order မတင်ခင် ID စစ်မည် နှိပ်ပြီး ကိုယ့်နာမည် ပေါ်လား သေချာစစ်ပါ။

Order က PROCESSING မှာ ကြာနေတယ်

မိနစ် ၃၀ ကျော်အထိ PROCESSING ဖြစ်နေရင် Order ID နဲ့အတူ Telegram ကနေ ဆက်သွယ်ပါ။ Elitedias / Honor of Kings ဘက်မှာ စစ်ပေးပါမယ်။

Order မအောင်မြင်ရင် ငွေပြန်ရလား?

ရပါတယ်။ Wallet နဲ့ဝယ်ထားရင် FAILED / CANCELLED ဖြစ်တာနဲ့ Wallet ထဲ Auto ပြန်ထည့်ပေးပါတယ်။ ငွေလွှဲ (Slip) နဲ့ဝယ်ထားရင် Admin က ပြန်ပို့ပေးမလား၊ ငွေပြန်အမ်းမလား ဆက်သွယ်ပေးပါမယ်။ အသေးစိတ်ကို Refund Policy မှာ ဖတ်ပါ။

Weekly Card / Packs ကို ဘာလို့ တစ်ခုပဲ ဝယ်လို့ရတာလဲ?

Weekly Card နဲ့ Pack တချို့မှာ Game ဘက်က ဝယ်ယူနိုင်တဲ့ အကြိမ်ရေ ကန့်သတ်ချက် ရှိလို့ပါ။ ကန့်သတ်ချက်ပြည့်နေတဲ့ ID ကို ထပ်ဝယ်ရင် မအောင်မြင်ဘဲ ငွေပြန်ရပါမယ်။

ဈေးတွေ ဘာလို့ ပြောင်းနေတာလဲ?

Tokens ဈေးကို နိုင်ငံခြားငွေလဲနှုန်းနဲ့ Supplier ဈေးအလိုက် တစ်နေ့ ၃ ကြိမ်လောက် Auto ညှိပါတယ်။ Order တင်တဲ့အချိန်က ပြထားတဲ့ ဈေးအတိုင်းပဲ ဖြတ်ပါတယ်။

Wallet ထဲက ငွေကို ပြန်ထုတ်လို့ရလား?

Wallet ငွေကို ဒီ site ပေါ်မှာ ဝယ်ယူဖို့ပဲ သုံးပါတယ်။ အထူးအကြောင်းရှိရင် Admin ကို ဆက်သွယ်ပါ။

Reseller (လက်ကားရောင်းချင်) ဖြစ်ချင်တယ်

Reseller Program မှာ လျှောက်ထားနိုင်ပါတယ်။ Approve ဖြစ်ရင် လက်ကားဈေးနဲ့ ဝယ်လို့ရပြီး API နဲ့လည်း ချိတ်လို့ရပါတယ်။

ဒါ Honor of Kings ရဲ့ တရားဝင် site လား?

မဟုတ်ပါ။ hokmyanmar.com က GNK Game Shop က လုပ်ကိုင်တဲ့ သီးခြား Top Up ဆိုင်ဖြစ်ပြီး TiMi Studio Group / Level Infinite / Tencent နဲ့ ဆက်စပ်မှု မရှိပါ။ Tokens တွေကို Reseller API ကနေ တရားဝင် ဝယ်ယူပို့ဆောင်ပါတယ်။

မေးစရာရှိသေးရင် Telegram @austinmoki ကို ဆက်သွယ်ပါ။